ကျောက်ဆည်မြို့၌ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ



MNP - မေ    ၃၁


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်းအမြစ် ဆုံးရှုံးမှုမရှိစေရန်အတွက် ယနေ့နံနက်(၁၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မူးယစ်ဆေးဝါးအစဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းကိုမပြုလုပ်ကြရန်၊ မူယစ်ဆေးဝါးသုံးစွဲသူဘဝမရောက်ကျရန်အတွက် မူးယစ်ဆေးဝါးသုံစွဲသူများနှင့်မိတ်ဖွဲ့ခြင်းကိုရှောင်ကြဉ်ရေး၊မည်သည့်မူးယစ်ဆေးဝါးမျှစမ်းသပ်သုံးစွဲလိုသည့်သ ဘောနှင့်မသုံးစွဲကျစေရန်၊တစ်ခါတစ်ရံသုံးစွဲရုံနှင့်မစွဲနိုင်ဘူးဟု ယူဆချက်နှင့်သုံးစွဲမိပြီး မူးယစ်ဆေးသုံးစွဲသူဘဝရောက်နိုင်ကြောင်း၊ စိတ်ညစ်သည့်ပြဿနာများကို မူးယစ်ဆေးသုံးစွဲခြင်းဖြင့်မဖြေရှင်းစေရေး၊ ရောဂါတစ်တစ်ခုခုအတွက် မူးယစ်ဆေးဝါးသုံးစွဲရပါက နားလည်တတ်ကျွမ်းသည့် ဆရာဝန်၏ညွှန်ကြားချက်အတိုင်း သုံးစွဲစေရေးရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး ဦးစီးအရှိဒေါ်ခင်နှင်းရီက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော စိတ်ဆိုးလွယ်ခြင်း၊ အလန့်တကြားဖြစ်ခြင်း၊ အသက်ရှုမြန်ခြင်း၊ နှလုံးခုန်နှုန်းနှင့်သွေးပေါင်ချိန်တိုးလာခြင်း၊ ခေါင်းကိုက်ခြင်း၊ အစဉ်အလာမဟုတ်သောမူမမှန်ခြင်းဖြင့် တစ်ခါတစ်ရံအလွန်ကြမ်းတမ်းစွာပြုမူတတ်ခြင်း၊ ပြင်းထန်စွာအကြောတတ်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်အတွင်းသွေးယိုခြင်း၊ အသည်းပျက်စီးခြင်း၊ ရူးသွပ်ခြင်း၊ ရုတ်တရက်သေဆုံးခြင်းများအကြောင်းနှင့် မူးယစ်ဆေးဝါးသည် အလွန်အန္တရာယ်ရှိသည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူများကဝိုင်းဝန်းပူးပေါင်းကာကွယ်ကြစေရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)