MNP - မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို လမ်းသမိုင်ရွာလေးကျေးရွာ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသင်းဦးက သင်တန်း၏ ရည်ရွယ်ချက်များ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုနိုင်မည့် အခြေခံအကြောင်းအရာများ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်သည့် အခြေခံအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံကွန်ပြူတာသင်တန်းကို မေလ ၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပြီးဖြစ်ရာ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment