မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ ပြိုလဲပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ ပြိုလဲပျက်စီး






MNP - မေ  ၂၁


မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က မော်လမြိုင်မြို့နယ်၊ တောင်ဝိုင်းရပ် တောင်ဝိုင်းဘုရားဗုဒ္ဓဝင်ရှေ့ရှိ ဓာတ်တိုင်များ ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် ဗုဒ္ဓဝင်ရှေ့ ဓာတ်တိုင်ကိုးတိုင်နှင့်အတူ  သစ်ပင်ကြီးများပြိုလဲခဲ့ပြီး အဆိုပါ ပြိုလဲနေသည့်နေရာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုနှင့်အဖွဲ့ဝင်များ၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဌာနဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဓာတ်တိုင်များအား လမ်းဘေးသို့ဖယ်ရှားခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူ/တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မော်လမြိုင်မြို့နယ်အတွင်း နေရာအများအပြားတွင် သစ်ပင်၊ သစ်ကိုင်းများ ပြိုလဲပျက်စီးမှုများရှိကြောင်း  သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)