ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့မှ မြန်အောင်မြို့နယ် ဆီထွက်သီးနှံ ဖူလုံရေးနှင့်ပညာရေး၊ ကျန်းမာရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့မှ မြန်အောင်မြို့နယ် ဆီထွက်သီးနှံ ဖူလုံရေးနှင့်ပညာရေး၊ ကျန်းမာရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေး



MNP - မေ   ၂၈


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်အစိုးရအဖွဲ့ ဝန်ကြီးများသည် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့ နံနက်က မြန်အောင်မြို့နယ် ဆီထွက်သီးနှံဖူလုံရေးနှင့်ပညာရေး၊ ကျန်းမာရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင် ၊ အစိုးရအဖွဲ့ ဝန်ကြီးများသည် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ အ.ထ.က(၁) မြန်အောင် သို့ရောက်ရှိပြီး မြို့နယ်ပညာရေးမှူး၊ အ.ထ.က ကျောင်းများမှကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တွေ့ဆုံ၍ကျောင်း သားကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေ၊ သွေးလွန်တုပ် ကွေးရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ နှင့်ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ၊ ကျောင်းအတွင်းရေဝပ်နေရာများ မရှိစေရေး၊ စာသင်ကျောင်းများတွင် ပိုးလောက်လန်းသေစေသည့် (Abate) အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကိုစနစ်တကျ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်အစိုးရအဖွဲ့ ဝန်ကြီးများသည် မြန်အောင်မြို့ နယ်၊ ကန်ဇွန်းခုံကျေးရွာအုပ်စု ကွင်းအမှတ် ၂၃၅  မိုးနေကြာ မျိုးစေ့ထုတ်လုပ်မည့်မြေနေရာအား လယ်ယာသုံးစက်ကရိယာများဖြင့် ထွန်ယက်ခြင်းကို ကြည့်ရှုအားပေးပြီး မိုးနေကြာမျိုး စေ့ထုတ်လုပ်စိုက်ပျိုးမည့် ဒေသခံတောင်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ကြသည်။


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်အစိုးရအဖွဲ့ဝန်ကြီးများသည် မြန်အောင်မြို့နယ် ကုန်းတလုံးကျေးရွာ တောင်ပေါ်ကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သော မြန်အောင်၊ကြံခင်း၊အင်္ဂပူမြို့နယ်တို့မှ နေကြာမျိုးစေ့ ထုတ်တောင်သူများသို့ မျိုးစေ့ထောက်ပံ့ ပေးအပ်ပွဲနှင့်တွေ့ဆုံပွဲ အခမ်းအနား သို့တက်ရောက်ခဲ့သည်။


 အခမ်းအနားတွင် မြန်အောင်၊ကြံခင်း၊အင်္ဂပူမြို့နယ်တို့မှနေကြာမျိုးစေ့ထုတ် တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာတိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆီထွက်သီးနှံဖူလုံရေးအတွက် မြန်အောင်မြို့နယ်၌ ဧက(၁၃၀၀) ၊ ကြံခင်းမြို့နယ်၌ ဧက (၁၀၀၀)နှင့်အင်္ဂပူမြို့နယ်၌ ဧက(၇၀၀) မိုးနေကြာ မျိုးစေ့ထုတ် စိုက်ပျိုးဧက ပြည့်မီရေး (နေကြာ)မျိုး စေ့ထုတ်တောင်သူ များအား တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်းနှင့်တောင်သူများ၏ သွင်းအားစုလိုအပ် ချက်များဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်မြန်အောင်၊ကြံခင်း၊အင်္ဂပူမြို့နယ်တို့မှနေကြာမျိုးစေ့ထုတ်တောင်သူများအား  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်တို့က နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြသည်။


သတင်း - ဝင်းဗိုလ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)