MNP - မေ ၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ အထက(၁)ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေန်နှင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်ရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၆ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကပ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း အင်အား(၂၁၅)ဦးတို့က အထက(၁)ကျောင်းဝန်း အတွင်း/အပြင်ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်းနှင့် တံမြက်စည်း လှဲခြင်းလုပ်ငန်းများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာဝန်ထမ်းများကို တောင်တွင်းကြီးတပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရပြီး ယခုကဲ့သို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဉ်(စနေနေ့)တိုင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းထံမှ သိရသည်။
သတင်း - နိုင်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment