MNP ၊ မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုကောင်းပြီး စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် တောင်သူများ မြေပဲသီးနှံကို ပိုမိုစိုက်ပျိုးလျက်ရှိကြသည်။
စဉ့်ကူးမြို့နယ်တွင် ဆောင်းမြေပဲဧက (၂၄၀၀၀)ကျော် နှစ်စဉ်စိုက်ပျိုးရန်အတွက် ဆောင်းမြေပဲ မျိုးဆံ (၄၈၀၀၀) တင်းရရှိအောင် မိုးမြေပဲ စိုက်ဧကများမှ ထွက်ရှိသော မြေပဲများ၊ တောင်သူများ စုဆောင်းထားသော မျိုးမြေပဲများ၊ အခြားဒေသထွက် မြေပဲမျိုးများကို သယ်ယူခြင်းဖြင့် မျိုးစုဆောင်းပြီး ဆောင်းမြေပဲကို စိုက်ပျိုးကြသည်။
စဉ့်ကူးမြို့နယ်ရှိ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ယခင်က မိရိုးဖလာ စိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုအခါ စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာသည်နှင့်အညီ အထွက်နှုန်း ကောင်းသော စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲ လုပ်ကိုင်လာကြကြောင်း သိရသည်။ မြေပဲသီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သော မကွေး (၁၁)၊ ဆင်းပဒေသာ (၆)၊ (၁၁)၊ တွန်တာနီ မျိုးများ ရွေးချယ်စိုက်ပျိုးလာကြကြောင်း၊ စိုက်ပျိုးချိန်တွင် မျိုးစေ့များကို ပဲမြစ်ဖုဇီဝမြေဩဇာ ဖြင့် လူးနယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရေးဝန်ထမ်းများထံမှလည်း စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ များကို သိရှိရကြောင်း၊ မြေပဲသီးနှံ စိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်မှာ (၃၉၀၀၀၀)ခန့် ရှိကြောင်း၊ သီးနှံခူးဆွတ်ပြီး ပြန်လည်ရောင်းချချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း မြေပဲစိုက် တောင်သူများထံမှ သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment