မတ္တရာမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 


MNP - မေ   ၂၉


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၈ရက် မွန်းလွဲပိုင်းက  အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများမှ “ကျောင်းအပ်နှံရေးနေ့” သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းထိန်မှ အမှာစကားပြောကြားခဲ့ကာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဆွေဝင်းမှ လမ်းညွှန်အမှာစကားပြောကြား ခဲ့သည်။ ဆက်လက်၍ အ-ထ-က(မတ္တရာ) ကျောင်းအုပ် ဆရာမကြီးမှ ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည့် သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အလှူရှင်များက ကျောင်းအတွက် အလှူငွေများနှင့် လက်သန့်ဆေးများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများမှ “ဇာတိမာန်” သီချင်းဖြင့်သီဆို ဖျော်ဖြေပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာများ၊ အလှူရှင်များ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)