Pages

Pages

ဗုဒ္ဓဘာသာ အဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၁)ဆင်းပွဲကျင်းပ




MNP ၊ မေ ၂၇

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအဆင့် မြင့်ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ (၁)နာရီတွင် စေတီ တော်အနောက်ဘက်မုခ်ရှိ မဟာဗုဒ္ဓဝင်ပြခန်း၌ ကျင်းပသည်။


ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အလှည့်ကျသဘာပတိဦးတင်ဝက သင်တန်းပြီးမြောက်အောင်မြင်မှုဝမ်းမြောက်ကြောင်း စကားပြောကြားပြီး သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇဆရာကြီးဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက သင်တန်းနည်းပြ ဆရာကြီးကို ဂါရဝပြုလက်ဆောင်နှင့်ဆုရသင်တန်းသားများကို ဆုလက်ဆောင်များပေးအပ် ချီးမြှင့်ကြသည်။ ယင်း‌နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။


အဆိုပါသင်တန်းကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေ ယျာဝစ္စများဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘုရားဖူးများဝန်ဆောင်မှုပေးရာတွင်လည်းကောင်း မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီပြီး အဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုသည် မြတ်ဗုဒ္ဓ၏တရားဒေသနာတော်များကိုအခြေခံထား ခြင်းဖြစ်သည့်အတွက် မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်ကိုက်ညီသော မြန်မာ့ယဉ်ကျေးမှုအလေ့အကျင့် ကောင်းများကို အဆင့်အတန်းမြင့်မားစွာ သိရှိနားလည်လာမည်ဖြစ်သည်။


ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၁) ကို မေ ၁၆ ရက်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ရာ ရွှေတိဂုံစေတီတော်မှ ဝန်ထမ်း ၃၀ တက်ရောက်ခဲ့ကြသည်၊၊


သတင်း - ကိုကိုဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment