ကျိုက်ထိုမြို့နယ်တွင် ကျောင်းအပ်နှံရေး(သီတင်းပတ်) ဆိုင်းဘုတ် စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ကျောင်းအပ်နှံရေး(သီတင်းပတ်) ဆိုင်းဘုတ် စိုက်ထူ




MNP ၊ မေ ၁၉

၂၀၂၂ -၂၀၂၃  ပညာသင်နှစ် တွင် "ကျောင်း နေအရွယ်ကလေးအားလုံး ပညာ သင်ယူ ခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူ ပွဲကို မေ ၁၉ ရက်နံနက် ၉ နာရီခွဲတွင်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်း၌စိုက်ထူခဲ့သည်။

ကျောင်းအပ်နှံရေး(သီတင်းပတ်) အား  ၂၀၂၂-ခုနှစ်မေ ၂၆ ရက်မှ ဇွန်လ ၃၁ ရက်နေ့ထိ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အဖြစ်သတ်မှတ်ပြီး အခြေခံပညာ‌ ကျောင်းများဖြစ်သည့် မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၌ တစ်ပြိုင်တည်းပြုလုပ်သွားမှာဖြစ် ကြောင်းသိရသည်။

ဆိုင်းဘုတ်စိုက်ထူပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ မြို့နယ်ပညားရေးမှူး ဒေါ်သင်းသင်းအိ နှင့်လက်ထောက်ပညာရေးမှူးများ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများ

တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)