Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းလက်ခံ




MNP - မေ  ၂၆


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်း အခြေခံပညာကျောင်းများအားလုံး၌ ယနေ့၊ နံနက် (၁၀)နာရီက စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။


ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများ အလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမတို့က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ကျောင်းသုံးဗလာ စာအုပ်၊ ခဲတံ၊ ဘောပန်များကို(အခမဲ့)ထုတ်ပေးလျက်ရှိသည်။


ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်း(၁၉၉)ကျောင်း၊ ဘုန်းတော်ကြီးပညာရေး(၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း စုစုပေါင်း(၂၀၆)ကျောင်းတို့တွင် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ၊ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


သတင်း - နီထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment