မြင်းခြံမြို့၌ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့၌ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်

 



MNP - မေ   ၁၉


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က မြင်းခြံမြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၊ မြို့နယ်ပညာရေးမှူး (တာဝန်) ဦးစိုးမြင့်ချိုတို့မှ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။


၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းအပ်နှံသည့်အခါ သူငယ်တန်း(KG)၊ ပထမတန်း (Grade-1)၊ ဒုတိယတန်း (Grade-2)၊ တတိယတန်း (Grade-3)၊ စတုတ္ထတန်း (Grade -4)၊ ပဉ္စမတန်း (Grade-5) များအား ဘာသာရပ်သင်ခန်းစာစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံ (၁) စုံ၊ ဆဌမတန်း(Grade-6)၊ သတ္တမတန်း(Grade-7)၊ အဌမတန်း(Grade-8)၊ အဌမတန်း(Grade-9) သင်ရိုးဟောင်း၊ ဒသမတန်း (Grade -10)၊ ဧကာဒသမတန်း (Grade-11) များအား ဘာသာရပ်သင်ခန်စာ စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံခြင်းကို မေလ (၂၆) ရက်န့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စွာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)