Pages

Pages

ပေါင်မြို့နယ်တွင် မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ





MNP ၊ မေ ၂၈

မွန်ပြည်နယ်၊ပေါင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စု၊ဇီးကုန်းရွာကမ်း‌ခြေ ဒီရေတောတွင် ယနေ့နံနက် က မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိုက်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန   ဦးစီးမှုးဦးမိုးကျော်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ တက်ရောက်ကြပြီး   တက်ရောက်လာသူများအား မြို့နယ်သစ်တောဦးစီးအရာရှိဦးမိုးကျော်သူက  ပျိုးပင်များပေးအပ်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြသည်။

၂၀၂၂ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် ဗြူးခြေထောက်ပျိုးပင်(၃၀၀)ပင်အားစုပေါင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတမှု ရှိစေရေး၊ အရိပ်ရအပင်များ ရရှိစေရေး၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ရေးနှင့် ဇီဝမျိုးကွဲစုံကျေးငှက်သားရဲတိရစ္ဆာန်များ မှီခိုကျက်စားနိုင်စေရန်  သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏  တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတုအတွက် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်‌ကြောင်းသိရ

သည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment