Pages

Pages

ထားဝယ်တက္ကသိုလ်၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်







MNP - မေ  ၂၆


ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်တက္ကသိုလ်တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် ထားဝယ်တက္ကသိုလ်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။


သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက အခမ်းအနားမှူးသည် အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ သင်တန်း၊ ဘာသာရေးအခမ်းအနား စသည်တို့တွင် အခမ်းအနားပြီးစီးအောင် တာဝန်ထမ်းဆောင်ခြင်းကို အခမ်း အနားမှူးဟုခေါ်ဆိုကြောင်း၊ ဌာနမှူးများအနေဖြင့် အခမ်းအနားများတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်းနှင့် အခမ်းအနားမှူးအကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။


ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ထားဝယ်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ဌာနမှူးများအား အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်းအကြောင်း၊ အခမ်းအနားမှူး၏ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများ အကြောင်း၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်းကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။


သတင်း - ရွှေပင်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment