တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ရေဂါလံ ၁၆၀၀ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ရေဂါလံ ၁၆၀၀ လှူဒါန်း





MNP - မေ  ၂၃


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ သောက်သုံးရေအကူအညီတောင်းခံလာသည့် တောဇွန်တဲတိုက်သို့ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ပေးခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေအတွင်းရှိ သောက်သုံးရေလိုအပ်နေသော တောဇွန်တဲတိုက်သို့ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီးငြိမ်းချမ်းနိုင် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင် သုံးဦးသည် သောက်သုံးရေ ၁၆၀၀ဂါလံကိုသွားရောက်လှူပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသောကျေးရွာများ၊ တဲတိုက်များ အမြောက်အများရှိနေပြီး၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့်သောက်သုံးရေအကူအညီ တောင်းခံလာပါက မိမိဌာနလုပ်ငန်းများအပြင်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)