Pages

Pages

မြင်းခြံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင်ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက်

              

MNP - မေ  ၂၇


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား/သူများကို ယမန်နေ့နံနက် (၈) နာရီအချိန်မှစတင်ကာ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။


မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁၂) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၂၀) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၁) ကျောင်း၊ အခြေခံမူလတန်းလွန်ကျောင်း (၂၈) ကျောင်း၊ အခြေခံမူလတန်းကျောင်း (၁၁၄) ကျောင်း၊ အခြေခဲမူလတန်းကျောင်း(ခွဲ) (၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၅) ကျောင်း စုစုပေါင်း (၂၂၅) ကျောင်းတွင် မေလ (၂၆) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ဇွန်လ (၂) ရက်နေ့တွင် အခြေခံပညာကျောင်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းအပ်နှံသည့်အခါ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ (၁) စုံ၊  ဘာသာရပ်သင်ခန်းစာစာအုပ်များ၊ ဗလာစာအုပ်နှင့် ခဲတံများ အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment