Pages

Pages

ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေး



MNP - မေ   ၂၃


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက် / ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာ ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် အမှတ် (၁၄) ရပ်ကွက်ရှိ အသက် (၁၈) နှစ်ပြည့်၊ အသက် (၁၀) နှစ်ပြည့် ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသူများကို ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် ဝန်ထမ်းများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရွှေပြည်သာမြို့နယ် ရုံးတွင်လည်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကိုင်ဆောင်စို့ဆောင်ပုဒ်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


သတင်း - နေမျိုးထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment