နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်




MNP ၊ မေ ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)၊ နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာသင်ကျောင်းများကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ပညာရေးဝန်ထမ်းများလုံခြုံရေးနှင့် စာသင်ကျောင်းများလုံခြုံရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ရပ်မိရပ်ဖများပူးပေါင်း၍ လုံခြုံရေးများ ဆောင်ရွက်ခဲ့ရာတွင် နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့ များမှ စာသင်ကျောင်း ၃၉ ကျောင်းတွင် လုံခြုံရေးစစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၁၉၅ ဦး တို့ဖြင့် စာသင်ကျောင်းများကို စာသင်နှစ်အတွင်း လုံခြုံရေးများ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် တာဝန်သိသိဖြင့် လုံခြုံရေးလုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိမှုနှင့်အတူ ထောက်ပံ့ငွေပေးအပ် ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က  နေပြည်တော်စစ်မှုထမ်းဟောင်း အဖွဲ့များအား ထောက်ပံ့ငွေကျပ်သိန်း(၄၀)နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကျန်းမာရေးသုံး ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကျန်းမာရေးသုံးပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးယုလွင်(ငြိမ်း)က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် နေပြည်တော်စစ်မှုထမ်းဟောင်း အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)