မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်





MNP - မေ    ၃၁


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီအချိန်ကပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးသူမောင်က စတင်ဆွေးနွေးပြောကြားရာတွင် ဇွန်လ ၂ ရက်နေ့၌ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ရာ စာသင်ကျောင်းများ ဥပတိရုပ်ကောင်းမွန်စေရေးနှင့် အတွင်း၊ အပြင်သန့်ရှင်းရေး ကြိုတင်ဆောင်ရွက်ထားရှိရန်နှင့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သက်ဆိုင်ရာစာသင်ကျောင်းများတွင် သတ်မှတ်စုရပ်များအလိုက် ထိုးနှံပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန်တို့ကို ဦးစွာပြောကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့်ပက်သက်၍ ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေများတွင်  မိုးစပါး၊ ဆောင်းသီးနှံနှင့်နွေစပါး သုံးသီးစားသီးနှံစိုက်ပျိုးသွားနိုင်ရေး တောင်သူများအား စည်းရုံးဆောင်ရန်နှင့် ဆီထွက်သီးနှံမြေပဲ၊ နှမ်းအပြင် နေကြာကို သီးသန့်တိုးချဲ့စိုက်ပျိုးနိုင်ရန်၊ မွေးမြူရေးအနေဖြင့် တိုင်းရင်းကြက်၊ ဒေသကြက်များ မွေးမြူနိုင်ရေးဆောင်ရွက်ရန်နှင့်‌ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ တစ်လလျှင်(၁၀)ရွာ ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း‌ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)