Pages

Pages

သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းတွင် ဇီဇဝါကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

 




MNP - မေ  ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပေ(၁၄၀×ပေ ၃၀) RC နှစ်ထပ်ကျောင်း ဇီဇဝါကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို အဆိုပါ အဆောက်အဦသစ်ရှေ့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဖွင့်ပွဲအခမ်းအနားကျင်းပသည်။


ဇီဇဝါကျောင်းဆောင်သစ်ဖွင့်ပွဲကို တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်၊ ကျောင်းအကျိုးတော်ဆောင် ဦးသန်းထွန်းဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်‌ပေး၍ ဝမ်းမြောက်မုဒိတာစကား ပြောကြားပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်ထံသို့ "ထက်နိုင်ထွန်းကုမ္ပဏီ" ဒါရိုက်တာဦးဝေဖြိုးမှ ကျောင်းဆောင်သစ်နှင့် ပတ်သတ်သည့် စာရွက်စာတန်းများနှင့် အထိမ်းအမှတ် အမှတ်တရလက်ဆောင် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment