နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 




MNP - မေ  ၂၉


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ ကလေးများ၏ အနာဂတ်လှပစေရန်အတွက် ဆရာ၊မိဘ၊ကျောင်းသား လက်တွဲညီစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကျော်စိုးဝင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး အခမဲ့ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘော့ပင်၊ ဘောလုံး၊ Mask , Face Shield တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အခြေခံပညာကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များထံပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)