ကွန်ဟိန်းမြို့၌ ၂၀၂၂ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဟိန်းမြို့၌ ၂၀၂၂ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ



               

MNP - မေ   ၁၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာန၊ သစ်တောဦးစီးဋ္ဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် (၈:၀၀)နာရီ အချိန်ခန့်က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စိုက်ပျိုးမည့် ပျိုးပင်များအား စစ်ဗျူဟာအဖွဲ့အခြေချ(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော်၊ မြို့နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းသန့်၊ သစ်တောဦးစီးဋ္ဌာန ဦးစီးဋ္ဌာနမှူး ဦးကြည်လင်တို့မှ တက်ရောက်လာသူများထံ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများမှ ပျိုးပင်များအား စနစ်တကျ စိုက်ပျိုးခဲ့ကြပါသည်။ သစ်ပင်စိုက်ပျိုးပွဲအား သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ် နိုင်ရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူအလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျွန်း၊ မယ်ဇလီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ရေသင်းဝင်အစရှိသည့် ပျိုးပင်ပေါင်း (၅၀၀)ခန့်အား စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဋ္ဌာန ၊ ဦးစီးဋ္ဌာနမှူး ဦးကြည်လင်ထံမှ သိရှိရပါသည်။


အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ စစ်ဗျူဟာအဖွဲ့အခြေချ(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။


သတင်း - ပြည့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)