ပေါက်ခေါင်းမြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန်အတိုင်းစနစ်တကျ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန်အတိုင်းစနစ်တကျ ထုတ်ပေး



MNP - မေ   ၂၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်  ၈ နာရီမှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ထုတ်ပေးရာတွင်    ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ထုတ်ပေး လျက်ရှိပြီး ပေါက်ခေါင်းမြို့နယ်တွင် ယနေ့ မေလ ၂၃ ရက်နေ့တွင် အငြိမ်းစားပင်စင် ထုတ်ယူသူ (၂၆၄) ဦးခန့်ရှိပြီး၊‌ နောက်ရက်များတွင်လည်း ကျန်ရှိသည့်အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွါးရေးဘဏ်မှ သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)