သိန္နီမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၀) လုံး ပျက်စီး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သိန္နီမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၀) လုံး ပျက်စီး

 

89

88

MNP - မေ    ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပိန်းဆာကျေးရွာအုပ်စု ဆွန်ခိုင်းကျေးရွာ၊ မိုင်းပါးကျေးရွာအုပ်စု နောင်တော်ကျေးရွာနှင့် ကုန်းစုန်ကျေးရွာတို့ရှိ လူနေအိမ်(၁၀)လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပိန်းဆာကျေးရွာအုပ်စု ဆွန်ခိုင်းကျေးရွာမှ နေအိမ်(၇)လုံး၊ မိုင်းပါးကျေးရွာအုပ်စု နောင်တော်ကျေးရွာမှ နေအိမ်(၂) လုံး၊ မိုင်းပါးကျေးရွာအုပ်စု ကုန်းစုန်ကျေးရွာမှ နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၁၀)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လေဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

သတင်း - စောဥမ္မာ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Pages