ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက်

 



MNP - မေ   ၂၆


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းအပ်နှံခြင်းသီတင်းပတ်အဖြစ် ယနေ့နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်နှံခြင်းများ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်“ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်နှင့်အညီကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဝမ်းတွင်းမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း (၁၅)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ(၂၆)ကျောင်း၊ အလယ်တန်းကျောင်း(၁၉)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၁၆)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၄)ကျောင်း၊ မူလတန်းကျောင်းပေါင်း(၅၉)ကျောင်း၊ မူလတန်းကျောင်း-ခွဲ(၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးသင်မူလတန်းကျောင်း(၁) ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း(၁၈၁)ကျောင်းတွင် မေလ (၂၆) ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံ ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ စိတ်အေးချမ်းသားစွာဖြင့် ကျောင်းများလာရောက် အပ်နှံလျက်ရှိကြောင်း သိရသည်။


သတင်း - ရဲမျိုးသက်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)