ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုရာနှုန်းပြည့်မီစေရေး ဆက်လက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုရာနှုန်းပြည့်မီစေရေး ဆက်လက် ထိုးနှံပေး



MNP - မေ   ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူပြည်သူများ အား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှစတင်၍  ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက  ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်၊ အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရန်နှင့် တစ်မြို့နယ်လုံး ရာနှုန်းပြည့်ထိုးနှံပြီးစီးရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို မေ ၂၃ ရက်နေ့တွင် သတ်မှတ်စုရပ်ဖြစ်သည့်   (၃၈) ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက် ဆေးထိုးစုရပ်တွင်  အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၈) နှစ်အထက် ဒေသခံပြည်သူ (၃၈) ဦးတို့အား Covishield ကာကွယ်ဆေး၊ ဒုတိယအကြိမ်ထိုးနှံသူ (၃၅) ဦးတို့အား Covishield ကာကွယ်ဆေးနှင့် တတိယအကြိမ် Booster ထိုးနှံသူ (၁၄၁) ဦးတို့အား Astra Zeneca ဆေးနှင့် Covxin ကာကွယ်ဆေးများအား‌ ဒေသခံပြည်သူ စုစုပေါင်း (၂၁၄) ဦးတို့ကို ဆက်လက်ထိုးနှံ‌ပေးခဲ့ပြီး ကာကွယ်‌ဆေး ထိုးနှံပေးနေမှုများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ရပ်ကွက်တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)