Pages

Pages

နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အမိုးလန်နေအိမ်(၃၂)လုံးနှင့် ပြိုလဲ‌နေအိမ်(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေပေးအပ်

 


MNP - မေ   ၂၄


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်အမိုးလန်နေအိမ်(၃၂)လုံးနှင့် ပြိုလဲ‌နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မေ ၂၀ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်၊ ရွာမရပ်ကွက်၊ ဇီးကုန်းကလေးရပ်ကွက်တို့တွင် အမိုးလန်နေအိမ်(၂၉)လုံး၊ ပြိုလဲနေအိမ်(၂)လုံးနှင့် မေလ ၂၂ ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁,၂၄၀,၀၀ဝ/-)၊ အိမ်ထောင်စု(၃၄)စုရှိ လူဦးရေ(၁၃၂)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေကျပ်(၂၇၇,၂၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁,၅၁၇,၂၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလက်စတစ်ပုံး(၂)ပုံးကို လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment