Pages

Pages

ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၁၃၀၃၉) ဦးအထိရှိ





ကျောက်ဖြူ    မေ ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်လုပ်ငန်းများဆောင်ရွက်မှုကို မတ်လ ၂၆ ရက်နေ့မှ စတင်ဆောင် ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ကျောင်းသူ (၁၃၀၃၉) ဦးအထိရှိပြီး ယနေ့ တွင်လည်း ကျောင်းအပ်လက်ခံမှုအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။


“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံးပါဝင်ပေး” ဆောင်ပုဒ်များ နှင့်အညီ အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်ဖြူမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့်တွင် (၇၅၁၇)ဦး အလယ်တန်းအဆင့်တွင် (၃၃၃၇)ဦး၊ အထက်အတန်းအဆင့်တွင် (၂၁၈၅)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၃၀၃၉)ဦး လာ ရောက်အပ်နှံပြီးဖြစ်ကြောင်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်း သူ (၃၄၉၂၉)ဦးရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက်‌ရောက်နိုင်မည့် မျှော်မှန်းကျောင်းသား၊ ကျောင်းသူ (၃၅၅၀၀)ခန့်ရှိနိူင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၄၆ ကျောင်း၊ ဘုန်းတော်ကြီးပညာသင် ကျောင်း (၅) ကျောင်းနှင့် အလယ်တန်းလေ့ကျင့်ရေးကျောင်းတစ်ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း၊ စုစုပေါင်း (၂၅၄) ကျောင်းရှိကာ အခြခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့တွင် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး ၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment