ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)သင်တန်းဆင်းပွဲ ကျင်းပ





MNP - မေ   ၂၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်သူများအနေဖြင့် သင်တန်းကာလအတွင်း ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ကို ကြိုးစားသင်ယူခဲ့ကြသည့်အတွက် များစွာကျေးဇူးတင်ပါကြောင်း၊ အေရိုးဗစ်ကကွက်များကိုလည်း တတ်မြောက်ကြပြီဟု ယုံကြည်ပါကြောင်း၊ သင်တန်းမှသင်ကြားပေးလိုက်သည့် ကကွက်များကို စဉ်ဆက်မပြတ်လေ့ကျင့်သွားစေလိုကြောင်း၊ မိမိတတ်မြောက်ထားသည့် ကကွက်များကိုလည်း မိမိ၏သူငယ်ချင်း အပေါင်းအသင်းများသို့ ထပ်မံဖြန့်ဝေသွားစေလိုကြောင်း၊ ထပ်မံ၍လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးရေးနှင့်စပ်လျဉ်းသည့်သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို တစ်ဦးချင်းပေး အပ်ချီးမြှင့်သည်။


ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ကို သီချင်း ၃ ပုဒ်ဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။


သတင်း - စိုင်းသန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)