ကလေး၊ ဂန့်ဂေါမြို့နယ်များအတွင်းရှိ ကျေးရွာအချို့မှ တောင်သူများ စိုက်ပျိုးရေးထွက်ကုန် ပဲမျိုးစုံ ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေး၊ ဂန့်ဂေါမြို့နယ်များအတွင်းရှိ ကျေးရွာအချို့မှ တောင်သူများ စိုက်ပျိုးရေးထွက်ကုန် ပဲမျိုးစုံ ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိ



MNP ၊ မေ ၁၈

ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ် အတွင်းရှိ ကျေးရွာအချို့မှ တောင်သူများ ပဲမျိုးစုံ တင်းပေါင်း (၂)သိန်းခန့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာများသည် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး နယ်မြေတည်ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ကျေးရွာများသို့ ကုန်သည်ပွဲစားများ ဝင်ရောက်နိုင်ခြင်း မရှိစေရန် မိုင်ထောင်ခြင်း၊ လမ်းမှ တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည့်အတွက်ကြောင့် ကုန်သည်ပွဲစားများ လာရောက် ဝယ်ယူနိုင်ခြင်းမရှိသဖြင့် တောင်သူများ အခက်ကြုံနေရခြင်းဖြစ်ပြီး စားဝတ်နေရေးအတွက် စားသောက်ကုန်များ စီးဆင်းမှုမရှိခြင်းကြောင့် ပိုမိုအခက်ကြုံနေရကြောင်း ဒေသခံများနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော ဆရာတော် ဦးဣန္ဒောဘာသက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်မိန့်ကြားသည်။

ဆရာတော် ဦးဣန္ဒောဘာသက "ပဲတင်းရေအားဖြင့် နှစ်သိန်းကျော်ရှိတယ်။ တောင်သူတွေခေါ်တဲ့ ဂျပန်ပဲရင်းနီ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲထောပတ်ပေါ့။ အဲဒီ ဘက်မှာ PDF တွေ ကြီးစိုးတဲ့ရွာတွေမှာကြတော့ ဈေးကောင်းရောင်းရတယ်။  PDF တွေက ဝယ်နေတာလည်း ရှိတယ်။ ပွဲစားတွေ ဆင်းဝယ်နေတာလည်း ရှိတယ်။ ဂန့်ဂေါနဲ့ ကလေး နယ်စပ်ပေါ့ဗျာ ဂန့်ဂေါနယ်က ဆိုရင် ကုက္ကား၊ ဟံသာဝတီ၊ မြောက်ခရမ်း၊ အနောက်တောလေးရွာ၊ လယ်ကြီး (ရှေ့/နောက်)ပေါ့။ ကလေးနယ်ခြမ်းပါတာက မန်တာ၊ ကျောက်ပြုတ်၊ ကျောက်ဆည်၊ အင်းဂျွန်း၊ ကြံသာ အဲဒီရွာတွေ စုပေါင်း ၁၂ ရွာ က တပ်မတော်နဲ့ ပူးပေါင်းတဲ့ ရွာတွေပေါ့။ အဲဒီရွာတွေကို ကုန်သည်လည်း ဝင်မရဘူး။ ကုန်စည်စီးဆင်းလို့ မရအောင် လမ်းမှာ မိုင်းထောင်ထားတာ။ ဂန့်ဂေါကိုလည်း မိုင် ၅၀ လောက် ဝေးတယ်။ ကလေးကိုလည်း မိုင် ၅၀ လောက်ဝေးတယ်။ အဲဒီမှာက ရိက္ခာပြတ်နေပြီ။ ဆန်နဲ့ ဆီတော့ အထိုက်အလျောက် ရှိကြတယ်ပေါ့။ ပိုက်ဆံလည်း ပြတ်နေကြပြီ။ ဦးဇင်းတို့ ဖြစ်စေချင်တာက နိုင်ငံတော်အနေနဲ့ ဒီပဲတွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတာလေးပေါ့လေ။" ဟု မိန့်ကြားသည်။

အဆိုပါ ကျေးရွာများသည် တည်ငြိမ်အေးချမ်း၍အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း၊ အဆိုပါကျေးရွာများမှ တောင်သူများထံမှ ပဲဝယ်ယူပေးသည့် ကုန်သည်ပွဲစားများကိုလည်း PDF အကြမ်းဖက်သမားများက ကားရော၊ ပဲပါ သိမ်းယူသွားသည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီး ကုန်သည်များက မဝယ်ယူတော့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်ပေါ်လျက်ရှိသော အခြေအနေနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပြီး ခရိုင်မှ ဆောင်ရွက်ရန် ပြန်လည်ညွှန်ကြားခဲ့သည်ကို သိရှိရသော်လည်း ပြေလည်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း တင်ပြဆောင်ရွက်ခဲ့မှု အခြေအနေအပေါ် ဆရာတော်က ရှင်းလင်းမိန့်ကြားသည်။

မန္တလေးဈေးကွက်တွင် ပေါက်ဈေး ၆၈၀၀၀ ရှိသော ပဲအမျိုးအစားကို PDF ကြီးစိုးထားသည့် ကျေးရွာများတွင် ၅၈၀၀၀ အထိ ပေးဝယ်နေပြီး တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေသော ကျေးရွာများကို ကုန်သည်များ မလာရဲအောင် PDF အကြမ်းဖက်သမားများက အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်းကြောင့် တောင်သူများ အခက်ကြုံနေရသည့်အပေါ် တောင်သူများကြုံတွေ့နေရသည့် အခက်အခဲကို နိုင်ငံတော်အနေဖြင့် ဖြေရှင်းပေးစေလိုကြောင်း ဆရာတော်က မိန့်ကြားသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)