မောင်တောမြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်







MNP ၊ မေ  ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် ခရိုင်စီမံအုပ်ချုပ် ရေး အဖွဲ့ ကြီးကြပ်မှု ဖြင့် မြို့နယ် စီမံအုပ်ချုပ် ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့်အတူ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ နှင့် ပြည်သူများက  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၇ နာရီအချိန်က  စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြ သည်။ 

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ၊ ဒုခရိုင် အုပ်ချုပ် ရေးမှူး ဦးနိုင်အေး  ၊  မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်း အောင်  နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊  မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ တပ် မတော် သားများ ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ၊ ပြည်သူ များ  အင်အား  ၂၀၀ ခန့်က အဖွဲ့ခွဲ၍ ကျောင်းဖွင့်လှစ်လာသည့်အခါ ကျောင်းသန့်ရှင်းသာယာမှု ရှိစေရေးအတွက် အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်းတွင် မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ်များ အား သန့်ရှင်း သာ ယာ လှပစေရေး အတွက် ခုတ် ထွင်ရှင်း လင်းပြီး ၊ ပလက်စတစ် အမှိုက်သရိုက်များ ကောက် ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စ သည့် တို့ကို စုပေါင်း သန့်ရှင်း ရေး ပြုလုပ်ခြင်း စည်ပင်သာယာရေး အဖွဲ့က အမှိုက် သိမ်း ကားဖြင့်  သတ်မှတ် နေရာ တွင် စနစ်တကျ စွန့်ပစ်ခဲ့ကြပြီး အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရ သည်။  


သတင်း - အောင်ကျော်စိန် ၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)