ကျွန်းလှမြို့နယ်၌ မိုးနေကြာမျိုးစေ့ထုတ်စံပြကွက်နှင့် မျိုးသန့်ပွားစံပြကွက် (၄၁) ဧက စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ မိုးနေကြာမျိုးစေ့ထုတ်စံပြကွက်နှင့် မျိုးသန့်ပွားစံပြကွက် (၄၁) ဧက စိုက်ပျိုး



MNP - မေ  ၂၃


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရန်၊ တောင်သူများ ဝင်ငွေတိုးတက်ပြီး မျိုးကောင်းမျိုးသန့်များ ရရှိစေရန်အတွက် မိုးနေကြာ မျိုးစေ့ထုတ်စံပြကွက်နှင့် မျိုးသန့်ပွားစံပြကွက် (၄၁)ဧက စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဒီနှစ် တောင်သူတွေကို ဆောင်းရာသီမှာ နေကြာမျိုးကောင်း မျိုးသန့်ဖြန့်ဖြူးနိုင်ရန် မိုးနေကြာ ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ် စံပြကွက် (၁၀) ဧက၊ ရေဆင်း-၁ မျိုးသန့်ပွားစံပြကွက် (၃၁) ဧက စိုက်ပျိုးလျက်ရှိပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ်မှာ နေကြာ ဧက (၁၆၀၀) စိုက်ပျိုးခဲ့သော်လည်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ (၁၇၇၉)ဧက တိုးချဲ့စိုက်ပျိုးရန်လျာထားပါတယ်  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။


အဆိုပါ နေကြာစိုက်ပျိုးမည့်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များထောက်ပံ့ပေးခြင်း၊ အထွက်တိုးစနစ်များ ပညာပေးသင်တန်းဖွင့်လှစ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များ  လက်တွေ့ပြသခြင်း ဆောင်ရွက်ကြောင်း၊ သီးညှပ်စိုက်ပျိုးရန် ကျေးရွာများအရောက် တောင်သူများနှင့်‌တွေ့ဆုံပြီး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။


ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ နေကြာ (၁၇၇၉) ဧကစိုက်ပျိုးရန်လျာထားပြီး ဒေသနှင့်ကိုက်ညီသည့် ဆင်းရွှေကြာ-၂၊ ရေဆင်း-၁၊ ဒေသမျိုးများ စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)