MNP - မေ ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်း လေဘေးသင့်ခဲ့သော အိမ်ထောင်စုများမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မေလ ၃ ရက်နေ့တွင် ကျေးရွာအုပ်စု(၅) အုပ်စု၊ ကျေးရွာ (၇)ရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ အမိုးလန်နေအိမ်(၁)လုံး၊ သစ်ပင်ပိတစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၃)လုံး၊ ပြိုလဲပျက်စီးနေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၄၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၈)စုရှိ လူဦးရေ(၂၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၅၈၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉၈၈၀၀) ကျပ်နှင့်ပြိုလဲနေအိမ် (၄)လုံးအတွက်ထောက်ပံ့ရေးပစ္စည်း(၁၇)မျိုး(ပလပ်စတစ်ပုံး)အပါ(၄) အိမ် ထောင်စုစာ တန်ဖိုးငွေ(၁၉၆၁၄၄)ကျပ်နှင့် ကတ္ထူပုံး(၄)ပုံးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများနှင့်အတူ လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း - ကိုမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment