Pages

Pages

ပေါက်တောမြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများဆောင်ရွက်








MNP ၊ မေ ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်၇နာရီက မြို့နယ်ခန်းမရှေ့မှ ပေါက်တော-လက်ပံပြားလမ်းဘေးဝဲယာတစ်လျှောက် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်‌ရှင်းရေးများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များကကြီးကြပ်ကြပြီး မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်လူမှုရေးအသင်းအဖွဲ့များစသည်ဖြင့် လူဦးရေ( ၁၁၀)ကျော် ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်ခန်းမရှေ့မှ ပေါက်တော-လက်ပံပြားလမ်းဘေးဝဲယာတစ်လျှောက် ချုံနွယ်ပိတ်ပေါင်းများအားရှင်းလင်းခြင်း၊ အမှိုက်များကောက်ခြင်း၊ တံမြက်စည်းလှဲခြင်းစသည့် သန့်ရှင်းရေးများပြုလုပ်ခဲ့ကြပြီး၊ စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသောနေရာများတွင် စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကိုအပတ်စဉ်(စနေ)နေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment