MNP ၊ မေ ၁၉
ယနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ငြိမ်းချမ်းရေးလိုလားသော ရဟန်းရှင်လူပြည်သူများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ကြိုဆိုထောက်ခံကြောင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများအား ကန့်ကွက်ရှုတ်ချပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဆရာတော်အရှင်ပညာဝံသက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော ကုလသမဂ္ဂ (UN)နှင့် ပတ်သက်၍ အကိုင်းအခတ်နဲ့ ခိုင်းဘက်အဆင့်သာ၊ ဒေါ်လာကြိုက်တဲ့ ခေါ်ရာလိုက် ခွေးအဆင့်သာ၊ အကျင့်ပျက်စီးတဲ့ ဆင်ပါးစပ်ကြီး အဆင့်သာ ဟု မိန့်ကြားသွားပြီး OIC အဖွဲ့အား လာလာခိုးတဲ့ ဝါဒဆိုးတွေ ဟု ထိထိမိမိပြောဆိုသွားသည်။ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် အကြမ်းဖက်အဖွဲ့များအား ငွေကြေ၊ လက်နက် ထောက်ပံ့ပေးနေသည့် အမေရိကန်အား ကြောက်အားကြီးတဲ့ စောက်ကြွားကြီး၊ ပါးစပ်ထိုင်ဖုတ်တဲ့ လက်ကိုင်တုတ်၊ ဖြဲခြောက်ပေမယ့် အမြဲကြောက်ရတဲ့ ကောင် ဟု ခိုင်းနှိုင်းပြောဆိုသွားသည်။
ဆရာတော်ဦးပညာဝံသ၏ သြဝါဒတွင် နစက အနေဖြင့် အမြန်ဆုံး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ရန် "အကြမ်းဖက်ခြေမှုန်း၊ ပြည်သူပြုံး၊ နောက်ဆုံးငြိမ်းချမ်းမည်" ဟု ဟောပြောသွားခဲ့သည်။
အခမ်းအနားတွင် ရှေ့နေ ဆရာဦးအေးပိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်ကို ရှင်းလင်းဟောပြောခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အား ထောက်ခံကြိုဆိုပွဲသို့ ငြိမ်းချမ်းရေးလိုလားသူ ပြည်သူ တစ်သောင်းကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment