မြစ်ကမ်းပါးပြိုကျမည့်အန္တရာယ်နှင့်ကြုံတွေ့နေရသည့် အခြေခံပညာမူလတန်းကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကမ်းပါးပြိုကျမည့်အန္တရာယ်နှင့်ကြုံတွေ့နေရသည့် အခြေခံပညာမူလတန်းကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

 






MNP - မေ  ၂၆


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ရွာနောင်ကျေးရွာအုပ်စု၊ တောင်ရွာနောင်(တောင်)ကျေးရွာထောင့်ကြီး အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ကျောင်းဆောင်သည် ဧရာဝတီမြစ်ကမ်းပါးပြိုကျနေသည့်နေရာနှင့် ပေ(၁၀၀)ခန့်သာကွာဝေးနေပြီး စာသင်ကျောင်းဆောင်ရွေ့ပြောင်းနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


အဆိုပါ တောင်ရွာနောင်(တောင်)ကျေးရွာရှိ ထောင့်ကြီးအခြေခံပညာမူလတန်းကျောင်းအား ဧရာဝတီမြစ်ကမ်းပါးပြိုကျမှု အန္တရာယ်မှကင်းလွှတ်နိုင်ရန်အတွက် စာသင်ကျောင်းဆောင်ရွေ့ပြောင်းမည့် မြေနေရာကြည့်ရှုစစ်ဆေးခြင်း၊ လက်ရှိစာသင်ကျောင်းအား မြစ်ကမ်းပါးနှင့် အကွာအဝေး၊ မြစ်ရေတက်လာချိန် မြစ်ကမ်းပါးပြိုကျမည့် အန္တရာယ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တောင်ရွာနောင်(တောင်) ကျေးရွာရှိထောင့်ကြီးအခြေခံပညာမူလတန်းကျောင်းတွင် အဆောင်(၁)၊ပင်မဆောင် (၆၀x၂၆x၁၆)ပေ၊ အဆောင်(၂)၊ ဖွံ့ဖြိုးရေးဆောင်(၃၀x၂၃x၁၆ )ပေ၊ အဆောင်(၃)၊ ပန်တော် ဆောင်(၅၆x၂၁x၁၆)ပေ၊ အဆောင်(၄)၊နိုင်ငံတော် ဆောင်(၆၀x၃၀x၁၉)ပေ၊ အဆောင်(၅)၊ လူထုဗဟိုပြုဆောင်(၄၀x၃၀x၁၈)ပေ၊ ကျောင်းဆောင်တို့သည် ဧရာဝတီမြစ်ကမ်းပါးပြိုကျနေ သည့် နေရာနှင့် ပေ(၁၀၀)ခန့်အကွာသို့ ရောက်ရှိနေကာ ကျောင်းဆောင်ဆောက်မည့်နေရာ သစ်မြေနေရာအလျား (၃၃၀/၁၆၅)ပေ၊ အနံ (၁၃၂)ပေရှိမြေကွက်တွင်ရွေ့ပြောင်းရန်သွားရောက် ရှိကြည့်စစ်ဆေးရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်ကျောင်းကော်မတီ တာဝန်ရှိသူများက ကျေးရွာအစည်းအဝေးဆုံးဖြတ် ချက်မှတ်တမ်းများအား ရှင်းလင်ပြောကြားကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်တာဝန်ရှိသူများက စာသင်ကျောင်းဆောင် အမြန်ဆုံးရွေ့ပြောင်းနိုင်ရေး အဆင့်ဆင့်တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)