ပန်းတနော်မြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 


MNP - မေ   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီက ရွှေကျောင်းမြောက်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာရှိ သမိုင်းဝင်ရွှေမြင်တင်ဘုရားအနောက်မုခ်၌ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဗိုလ်၊ အတွင်းရေး မှူးရဲမှူးကျော်ဇံ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဇေယျာမြင့်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးငြိမ်းချမ်း-၅နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်သီသီမိုး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများစုစုပေါင်း အင်အား (၃၅၀)ခန့်တို့က ကျွန်း (၃၂)ပင်၊ သပြေဘူတ(၂၀)ပင်၊ မန်ဂျန်ရှား(၇၀)ပင်၊ မဟော်ဂနီ (၇၀)ပင်၊ ကဗွီး(၂၄)ပင်၊ ယူကလစ်(၄၇)ပင်၊ ခရေ(၁၀)ပင်၊ ကံကော်(၂)ပင်၊ စိန်ပန်း(၂၅)ပင် စုစုပေါင်း အပင်(၃၀၀) တို့အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)