MNP ၊ မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ စာပေဖတ်ရှုလေ့လာလိုစိတ် တိုးပွားစေရန်၊ စာအုပ်စာစောင်များအား ချစ်မြတ်နိုးတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင် စေရန်ရည်ရွယ်၍ စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခင်းကျင်းပြသခဲ့သည်။
အဆိုပါစာအုပ်ပြပွဲတွင် လူငယ်ကြိုက် ဗဟုသတရဖွယ်စာအုပ်များ၊ စကားပုံစာအုပ်များ၊ ဂျာနယ်/ စာစောင်များ၊ ကာတွန်းရုပ်ပြ စာအုပ်များနှင့် ကလေးစာပေများ စသည့် စိတ်ဝင်စားဖွယ် သုတရသ စာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြည့်ရှု၍ ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ အသိပညာဗဟုသုတ မြင့်မား တိုးတက်စေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေး ဆွေးနွေးပွဲ များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment