တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုတို့ကို မပျောက်ပျက်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုတို့ကို မပျောက်ပျက်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး

74

75


MNP - မေ   ၄

ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အားပေးကူညီမှု၊ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ကြီးကြပ်မှုတို့ဖြင့် နွေရာသီပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့နယ်၊ သာမညပအိုဝ်းအမျိုးသားကွင်း ဓမ္မာရုံ ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုင်းရင်းသား စာပေများကို ယခင်က ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားခဲ့ရပြီး ယခုအခါ ကျောင်းချိန်အတွင်း သင်ကြားနိုင်စေရေး နိုင်ငံတော်၏ ပညာရေးမူဝါဒကို ထိခိုက်မှုမရှိစေဘဲ သင်ကြားခွင့်သင်ယူခွင့် ရရှိစေရန် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုတို့ကို မပျောက်ပျက်စေရန်နှင့် ဖွံ့ဖြိုး တိုးတက်စေရန် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် ဘဏ္ဍာငွေများကို နှစ်စဉ် ပိုမိုလျာထား၍ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်လည်း ပအိုဝ်း တိုင်းရင်းသားတို့၏ သင်ရိုးညွှန်းတမ်းစာအုပ်များကို ပုံနှိပ်ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း၊ နွေရာသီပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှ ပို့ချသည့် သင်ခန်းစာကို အပတ်တကုတ် ကြိုးစား လေ့လာသင်ယူပြီး မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု ရေရှည်တည်တံ့ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး ဦးခွန်မင်းအောင်က သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်က နွေရာသီပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းအတွက် ငွေကျပ် ၁၆၀၀၀၀၀၀ (သိန်းတစ်ရာ့ခြောက်ဆယ်) ကို ထောက်ပံ့ပေးအပ်သည်။

နွေရာသီ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းများကို ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ်များ အတွင်းရှိ ပအိုဝ်းကျေးရွာများတွင် သင်တန်းစခန်း (၁၂) ခု ဖွင့်လှစ်သင်ကြားလျက်ရှိပြီး မေလ ၈ ရက်နေ့တွင် ဘားအံမြို့နယ် နောင်ထလုံးကျေးရွာအုပ်စု နောင်ဘိုကျေးရွာတွင် စုပေါင်းသင်တန်း ဆင်းကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Pages