ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ နေအိမ်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ နေအိမ်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး


MNP ၊ မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာရှိ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ၏ နေအိမ် ၃ လုံးအား ယနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက်သမားအင်အား ၅၀ ဦးခန့်က လာရောက်မီးရှို့သွားခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့က နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် သွားရောက်စဉ် နတ်အိမ်တောင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ပုလောကုန်းကျေးရွာအနီးသို့ အရောက်၌ အကြမ်းဖက်သမား အင်အား ၅၀ ဦးခန့် က လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် ပူးပေါင်း အဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် အရှေ့ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများ ဆုတ် ခွာထွက်ပြေးသွားသည့်နေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံ၍ အကြမ်းဖက်နှိမ်နင်းရေးနှင့် လုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)