ဘားအံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြု လုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြု လုပ်



MNP - မေ   ၂၄


ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ၌  ဇွန်လ  ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေး ဟောပြောပွဲတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ကျောင်းသား၊လူငယ်များ သိရှိနာလည်းနိုင်စေရန်အတွက် အသိ ပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ဘားအံခရိုင် ပတ်ဝန်းကျင်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ဆင်းပြည့်ရွှေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဘာကြောင့်ဆောင်ရွက်သင့်သလဲ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာမှု အကြောင်းအရာများ၊ သဘာဝသံယံဇာတအရင်းအမြစ်များ ပျက်စီး ဆုံးရှုံးမှုမရှိစေဘဲ ပစ္စုန်ပ္ပန် ၊ အနာဂတ်မှာ ထုတ်ယူသုံးစွဲနိုင်မည့်နည်းလမ်းများ ၊ အနာဂတ်မှာ ယိုးယွင်းပျက်စီးလာစေနိုင်မည့် အခြေအနေများကို ကြိုတင်မှန်းဆပြီး ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၄၀)ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)