Pages

Pages

နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

 





MNP - မေ   ၂၁


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေ ၄ နာရီက သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မြို့နယ်အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျွန်း ၁၀၀ပင်၊ မန်ဂျန်ရှား ၁၀၀ပင်၊ ခရေ ၁၀၀ပင်၊ စုစုပေါင်းသစ်ပင် (၃၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


အဆိုပါသစ်ပင်စိုက်ပျိုးပွဲ၌ မြို့နယ်သစ်တောဦးစီးဌာနက သစ်တော/သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ထာဝရကုသိုလ်ရယူပါ စသည့် ဆောင်ပုဒ် များဖြင့် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - ဝေယံဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment