Pages

Pages

ကသာမြို့၌ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု





MNP -  မေ  ၂၆


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် မေလ(၂၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်မှစ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို စတင်လက်ခံဆောင်ရွက်လျက်ရှိပြီး အဆိုပါကျောင်းအပ်နှံမှု အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် တာဝန်ရှိသူများသည် ကသာမြို့ပေါ်ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းများနှင့် အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယခင်နှစ်က ဆောက်လုပ် ထားသည့် ကျောင်းအဆောက်အအုံသစ်များကို ကြည့်ရှုစစ်ဆေးကာ စာသင်ကျောင်းများတွင် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်များကိုကျောင်းမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းလာရောက်အပ်နှံကြသည့်ကျောင်းသား/ကျောင်းသူများအား KG မှ Grade-11 အထိ စနစ်သစ်နှင့် စနစ်ဟောင်း ပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာ ပစ္စည်းများကို အခမဲ့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - နေခ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment