ဘုတ်ပြင်းမြို့၌ မိုးသက်လေပြင်းကျရောက်၍ လူနေအိမ်တစ်လုံးပြိုကျပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့၌ မိုးသက်လေပြင်းကျရောက်၍ လူနေအိမ်တစ်လုံးပြိုကျပျက်စီး



MNP - မေ  ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ရေငံကြီးကျေးရွာအုပ်စု ရေငံကြီးကျေးရွာတွင် ယမန်နေ့က မိုးသက်‌လေပြင်းကျ‌ရောက်ကာ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။


အဆိုပါပျက်စီးသည့်နေအိမ်မှာ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်ပျက်စီးခဲ့ပြီး ပျက်စီးခဲ့သည့်အိမ်‌ထောင်စုတစ်စုမှ ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း(၃)ဦးအားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်က နီးစပ်ရာဆွေမျိုးများနေအိမ်သို့ နေရာချထား ဆောင်ရွက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)