MNP - မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ရေငံကြီးကျေးရွာအုပ်စု ရေငံကြီးကျေးရွာတွင် ယမန်နေ့က မိုးသက်လေပြင်းကျရောက်ကာ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါပျက်စီးသည့်နေအိမ်မှာ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်ပျက်စီးခဲ့ပြီး ပျက်စီးခဲ့သည့်အိမ်ထောင်စုတစ်စုမှ ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း(၃)ဦးအားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်က နီးစပ်ရာဆွေမျိုးများနေအိမ်သို့ နေရာချထား ဆောင်ရွက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment