နာဂဒေသ၊ ပန်ဆောင်မြို့အတွင်း မိုးသီးနှံများ စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂဒေသ၊ ပန်ဆောင်မြို့အတွင်း မိုးသီးနှံများ စိုက်ပျိုး



MNP - မေ  ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ မေလတွင် မိုးရွာသွန်းမှုများကြောင့် မြို့အတွင်းရှိ ကျေးရွာများတွင် မိုးသီးနှံများကို စတင် စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။


ပန်ဆောင်မြို့တွင် မိုးသီးနှံအဖြစ် ဂျင်းကို အဓိကထား စိုက်ပျိုးပြီး ပဲတီစိမ်း၊ ပဲထောင့်ရှည်၊ ကံဇင်းသီး၊ ငရုပ်၊ ဂျိုးမြစ်၊ ဂျင်း၊ ပြောင်းတို့ကို အများဆုံး စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ထိုသို့စိုက်ပျိုးရာတွင် ပန်ဆောင်မြို့အတွင်းရှိ ကျေးရွာများမှ မိုးသီးနှံများကို တစ်နယ်လုံး စတင်စိုက်ပျိုးလျက်ရှိကြောင်းနှင့် မိုးရွာသီတွင် ဒေသစားသုံးရန်ဖူလုံရေးအတွက် ဂျင်းကိုဧကပေါင်း (၂၅)ဧကကျော် စိုက်ပျိုးသွားရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ဂျာယော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)