ဘီးလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျွန်ပင်လဲကျ ဆိုင်ခန်း ၃ခန်း ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျွန်ပင်လဲကျ ဆိုင်ခန်း ၃ခန်း ပျက်စီး






MNP ၊ မေ ၂၂ 

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် မေ ၂၁ ရက် ည ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကန်သာယာ ရပ်ကွက်၊ ကျွန်းတောလမ်းဆုံရှိ လုံးပတ် ၃ ပေခန့် နှင့်အမြင့် ပေ၂၀ ခန့်ရှိ ကျွန်းပင်လဲကျမှုဖြစ်ပွားရာ ဈေးဆိုင်ခန်း ၃ ခန်း ပျက်စီးမှုဖြစ်ပွားခဲ့သည်။

အဆိုပါ  ကျွန်းပင်လဲကျရာနေရာသို့   မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံအောင်နှင့်သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် ၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅  ဦး နှင့် ပြည်သူများမှ  ဝိုင်းဝန်း ခုတ်ထွင်   ရှင်းလင်းခဲ့ကြသည်။

ကျွန်းပင်လဲကျမှုကြောင့် သွပ်မိုး၊အုတ်ကာ၊ ဈေးဆိုင်ခန်း ၃ ခန်း ပျက်စီးခဲ့ရာ   ဆုံးရှုံးမှု တန်ဖိုး ၁၅၀၀၀၀/-ခန့်ဖြစ်ပြီး လူနှင့်တိရစ္ဆာန် ဆုံးရှုံးမှုမရှိ ကြောင်းသိရသည်။


သတင်း - ထူးနောင် (ဘီးလင်း )

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)