နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်အတွင်းရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်အတွင်းရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး



MNP ၊ မေ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်ရှိ PPEC Construction CO, LTD တွင် ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက  ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက် ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ကြိုးစားဆောင်ရွက်စေလိုကြောင်း၊  စက်မှုဇုန်အတွင်းမြေနေရာချထားမှုများနှင့်  စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က  စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုရန် မြေကွက်လျှောက်ထားမှုများ၊ မြေနေရာချထားခွင့်ပြုနိုင်ရေး ကိစ္စရပ်များ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ သန့်ရှင်းသာယာလှပရေးကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဒက္ခိဏသီရီ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့စိမ်းတက်အောင်ကုမ္ပဏီမှ PPC ရေပိုက်ထုတ်လုပ်မှု လုပ်ငန်းနှင့် နယူးဧရာစပါးအခြောက်ခံစက်ရုံမှ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကိုကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)