မြဝတီမြို့၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား(၂၅၁)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား(၂၅၁)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေပေးအပ်ပွဲ ကျင်းပ




MNP - မေ   ၂၆


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်သက်ကြီးအဘိုး၊အဘွားများ အား ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀  နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။


အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က မြဝတီမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာများရှိ အသက်(၈၅)နှစ်အ ထက်သက်ကြီးအဘိုး၊အဘွားများအားနိုင်ငံတော်မှလူမှုရေးပင်စင်ထောက်ပံ့ကြေးငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ထောက်ပံ့ကြေးငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ အိမ်တိုင်ရာရောက်တစ်ဦးချင်းအလိုက် ထောက်ပံ့ပေးအပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပေးသည်။


ဆက်လက်၍ ထောက်ပံ့ကြေးငွေများကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်ထံသို့ လွှဲပြောင်းပေးအပ်ပေးပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လည်း ကောင်း အသီးသီးပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြသည်။


အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများပေးအပ်ရာတွင် မြဝတီမြို့နယ်အတွင်းရှိရပ်ကွက် /ကျေးရွာများမှ   အသက်(၈၅)နှစ်အထက် အဘိုး(၈၅)ဦးနှင့်အဘွား(၁၆၆)ဦး  စုစုပေါင်း (၂၅၁)ဦး အတွက် ငွေကျပ်(၇၅၃၀၀၀ဝိ/-)ကို  တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဧပြီ၊မေ၊ဇွန်လများအ တွက်ငွေကျပ်(၃၀၀၀ဝိ/-)ကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇာဖြူဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)