Pages

Pages

ကျောက်ဆည်မြို့နယ်တွင် မိုးကြိုစပါးဧက(၅၅၃)ဧက စိုက်ပျိုးပြီးဖြစ်



MNP - မေ   ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၌ မိုးကြိုစပါးဧက (၁၃၅၉) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်၌ မိုးကြိုစပါးများကို မင်းရဲရေမြောင်းသောက်ဖြစ်သည့် ကြက်မင်းတွန်၊ ဖောင်ရွာ၊ အင်တိုင်း၊ သင်တောင်း၊ တောင်နောက်၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး ကျေးရွာအုပ်စုများတွင်(၁၀၀)ဧက၊ သင်းတွဲရေမြောင်းသောက်ဖြစ်သည့် ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားချောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည်ကျေးရွာအုပ်စုများတွင် (၂၅၀)ဧက၊ တမုတ်ရေမြောင်းသောက် ဖြစ်သည့် လက်ပန်ပင်၊ မယ်ဇယ်ပင်၊ လက်ပန်ပင်၊ ဇရပ်ဖြူ၊ မြောင်းဦး၊ပွတ္တိုင်၊ သင်ပုတ်၊ ညောင်ရွှေ၊ ညောင်ဝန်း၊ ကြောင်ပန်ကုန်း၊ ငါးအိုး၊ ရွာနန်း ကျေးရွာအုပ်စုများတွင် (၁၅၀)ဧက၊ ရဲယမန်းတောင်ပေါ်ဒေသတွင် မိုးကောင်းသောက်စနစ်ဖြင့် (၅၃)ဧက စုစုပေါင်း(၅၅၃)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကြိုစပါးများအောင်မြင်ရေး စိုက်ကွင်းများသို့ကွင်းဆင်းပြီး တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာများကူညီပေးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပြည့်ဝစွာပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment