သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီပြတ်လပ်နေသည့်ကြားမှ ဈေးနှုန်းများမြင့်တက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီပြတ်လပ်နေသည့်ကြားမှ ဈေးနှုန်းများမြင့်တက်နေ

 



ကိုလံဘို၊ မေ ၂၄ 

သီရိလင်္ကာနိုင်ငံပိုင် Ceylon Petroleum Corporation (CPC) ကုမ္ပဏီက နိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှု ဆက်လက်ဖြစ်ပွားနေသည့်ကြားမှ မေ ၂၄ ရက်၌ လောင်စာဆီဈေးနှုန်းကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။မေ ၂၃ ရက် ညပိုင်း၌ ပြုလုပ်သော အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးတွင် လောင်စာဆီဈေးနှုန်း ဖော်မြူလာနှင့် ဈေးနှုန်းများကို တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး Kanchana Wijesekera က ပြောခဲ့သည်။


နောက်ဆုံးမြှင့်တင်လိုက်သော ဈေးနှုန်းသည် 92 အောက်တိန်း တစ်လီတာလျှင် သီရိလင်္ကာငွေ ရူပီး ၈၂ တိုးမြှင့်လိုက်ရာ ရူပီး ၄၂၀ ဖြစ်သွားခဲ့ပြီး 95 အောက်တိန်း တစ်လီတာလျှင် ၇၇ ရူပီး ဈေးမြှင့်လိုက်သဖြင့် ရူပီး ၄၅၀ ဖြစ်သွားခဲ့ကြောင်း သိရသည်။


ထို့ပြင် အော်တိုဒီဇယ်ကိုလည်း တစ်လီတာလျှင် ၁၁၁ ရူပီး ဈေးနှုန်းမြှင့်တင်လိုက်ခြင်းကြောင့် ရူပီး ၄၀၀ အထိ ရောက်ရှိသွားခဲ့ပြီး စူပါဒီဇယ်ကိုမူ တစ်လီတာလျှင် ၁၁၆ ရူပီး တိုးမြှင့်လိုက်သဖြင့် ၄၄၅ ရူပီး ဖြစ်သွားခဲ့ကြောင်း သိရသည်။


နောက်ထပ် လောင်စာဆီ ဖြန့်ဖြူးရောင်းချသူ Lanka IOC ကလည်း CPC နှင့် ကိုက်ညီမှုရှိစေရန် ၎င်းတို့ဈေးနှုန်းများကိုလည်း မြှင့်တင်သွားမည်ဟု ဆိုသည်။သီရိလင်္ကာနိုင်ငံသည် ယခင်လအနည်းငယ်က လောင်စာဆီပြတ်လပ်မှုကြောင့် နိုင်ငံခြားငွေကြေး ဆိုးဝါးစွာရှားပါးမှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

သီရိလင်္ကာရဲတပ်ဖွဲ့သည် ဒီဇယ် သို့မဟုတ် ဓာတ်ဆီများအား ပြန်လည်ရောင်းချရန် သိုလှောင်သည့်မည်သူ့ကိုမဆို ဖမ်းဆီးရန် နိုင်ငံတစ်ဝန်း စတင်ခဲ့ကြောင်း သိရသည်။ (အမေရိကန် ၁ ဒေါ်လာလျှင် သီရိလင်္ကာငွေရူပီး ၃၆၀.၂၁ နှင့်ညီမျှသည်)


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)